Monday, February 15, 2010

Do You Have ? Have You?

Online မှာ ကျွန်နော် အခါအားလျှော် စွာ Chatting လုပ်ပါတယ် ၊ ရပ်နီး ရပ်ဝေး မိတ်ဆွေ တွေ နဲ့ ဆက်ဆံရတာ အကုန် အကျ သက်သာပြီး မိတ်ဆွေ သစ်တွေ လဲ ရပါတယ်။ မိတ်ဆွေ အသစ်တွေ့ တော့ ထုံးစံ အတိုင်း ဘာ ညာ ကွိ ကွ မေး ကြရင် ၊ email account ရှိလား ၊ ဖုံး နံပါတ် ရှိလား မေးကြတယ်။ ကြားရ ဖတ်ရ တာ အဆင် သိတ် မပြေ တာလေး ပြော ချင် ပါတယ်

  • " Have you phone? " (X)
  • " Have you gmail?" (X)
ပထမ ဦးဆုံး phone နဲ့  gmail ရှေ့မှာ "a" မပါ လာတော့ Grammar အရ မမှန် တာ ရယ်၊ အဲ ဒါ ကို "a" တပ်ပြီး Grammar အမှန် ပြင် ပြီး ဒီ လို ပြော မယ်။

  • Have you a phone?
  • Have you a gmail?
Grammatically မှန် ပေမဲ့၊ ပြော ရ ကြား ရတာ အဆင် မပြေပြန် သေး ဘူး ၊ ဒီ အသုံး မျိုး ကို အရင် ခေတ် က ရေးခဲ့ တဲ့ စာ ကြီး ပေကြီး တွေမှာ ပဲ တွေ့ ရလေ့ရှိပါတယ်။ ဒီ ခေတ်မှာနိုင်ငံရပ်ခြား တိုင်းတပါး မှာ ရော ၊ Native Speakers တွေ ကရော ဒီ usage ကို မပြော သလောက် ပါပဲ။

အဲ ဒီ လို ထက် စာရင် formal ကျ တဲ့ နေရာ တွေ မှာ၊ သူစိမ်း တစာရံ တွေ နဲ့ ပြော ရင် " got " ထည့် ပြီး အောက် က example တွေ လို ပြောကြပြီး..

  • Have you got a phone?
  • Have you got a gmail?
အများ စု က တော့ ပြောရ ဆို ရ လွယ်ကူ ပြီး ရှင်း လင်းတဲ့ ပုံ စံ

  • Do you have a phone?
  • Do you have a gmail?
ဆို ပြီး ပြော ကြပါတယ်။

Friday, February 12, 2010

If Tomorrow Never Comes -2

အလုပ်လုပ်ရတာ စိတ်ကိုမဖြောင့်ပါဘူး. If tomorrow never comes ကိုဆက်ရေးမယ် ဆိုပြီး ဆက်မရေး ရသေး လို့ရယ်..စာဖတ်သူတွေ က ကျွန်နော့် အတွက် မနက်ဖြန် ဆိုတာ မရှိခဲတော့ဘူး ထင်ပြီး စိုးရိမ်နေကြ မှာ စိုးလို့ ရယ် ပါ။
ကဲ မေ့နေကြ ရင် အရင်နေ့ က တင်ထားတဲ့ ဟာလေးပြန်ဖတ်ကြည့်၊ My Paper သတင်းစာအယ်ဒီတာ ရေးတာ ကို အရင်ဖတ်ကြည့်..ရိုးရိုးလေးပါ၊ Reading Practice လေးဖြစ်တာပေါ့၊ စာပိုဒ်တခုလုံး မပြန်ခင် စာဖတ်သူတွေ နဲ့ နဲနဲ စိမ်းမယ် ထင်တဲ့ စာလုံး တွေရဲ့ meanings ကြည့်ကြရအောင်။ စာဖတ် သူတွေ ကို မရှုတ်ထွေးစေချင်လို့ ရေးနေကျ word of the day လို အမျိုးကွဲ meaning အများကြီးမပြောပဲ ဒီအကြောင်း အရာ နဲ့တိုက်ရိုက်သက် ဆိုင် တဲ့ အဓိပ္ပါယ် ကို ပဲ ရှင်းပြသွားပါမယ်။
  • recover -verb-ပြန်လည်ရရှိသည်။
  • spiel -noun - အလျင်စလို (ကြော်ငြာ)စကား။ (ဥပမာ-TVတွေ၊ ရေဒီယိုကြော်ငြာတွေ မှာ အချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန်ပြော ဆို ကြတဲ့ စကား- ရှပီးလ်- လို့ဖတ်ပါတယ်)
  • profound-adj-လေးနက်သိမ်မွေ့ သော။
  • sensitivity-noun-ထိရှ လွယ်ကူခြင်း။
  • accusation-noun-စွပ်စွဲမှု။
  • verify-verb-မှန်ကန်ကြောင်းထောက်ခံသည်၊သုံးသပ်သည်။
  • hurt-verb-နာကျဉ်စေသည်။
  • carve-verb- ထွင်းထုသည်။
  • incident-noun-ဖြစ်ရပ်
  • regret-verb- ၀မ်းနည်းသည်။
  • blurt-verb-လွတ်ခနဲပြောလိုက်သည်။
  • vent-verb-ရင်ဖွင့်၊ဖွင့်အန်သည်။
  • frustration-noun- အလိုမကျမှု၊ ပေါက်ကွဲခြင်း(စိတ်၊ခံစားမှု)။
  • deserve-verb-ထိုက်တန်သည်။
  • moment of truth-noun phrase- အလွန်အရေးကြီးသောအချိန်၊ ဆုံးဖြတ်ချက်ချရမဲ့ အချိန်၊အကောင်းအဆိုး သက်ရောက်မှု တခုခု ဖြစ်စေကွဲပြားစေမဲ့ အချိန်။
  • manage-verb-စီမံခန့်ခွဲသည်။
  • approach-verb-ချဉ်းကပ်သည်။
  • entitle-verb-ခေါင်းစီး၊ခေါင်းစဉ်တတ်သည်။
  • circumstance-noun-အခြေအနေ။
  • reminder-noun-သတိပေးချက်။
  • fragile-adj-ကျိုးပဲ့လွယ်သော။
  • establish-verb-အတည်တကျဖြစ်အောင်လုပ်ဆောင်သည်။
  • comfortable-adj-သက်တောင့်သက်သာဖြစ်သော။
  • familiar-adj-ရင်းနှီးကျွမ်းဝင်သော။အသိများသော။
  • element-noun-အခရာကျသောအရာ၊ အစိတ်အပိုင်း။
  • statement-noun-ထွက်ဆိုချက်။
  • constitute-verb-ဖွဲ့ စည်းတည်ဆောက်သည်။
  • compartmentalize-verb-အခန်းကန့်သည်။
  • schedule-noun-အချိန်ဇယား။
  • mishmash-noun-ရောကောသောကော။
  • weave-verb-အထည်ရက်သည်၊ရက်လုပ်သည်။
  • tapestry-noun-ရွှေချည်၊ငွေချည်ထိုး ပန်းချီကားချပ်။
  • cherish-verb-ယုယမြတ်နိုး၊ တန်ဖိုးထားသည်။
  • appreciate-verb-ကျေးဇူးတင်သည်၊တန်ဖိုးထားသည်။
ဒီလောက်ဆို သူဘာကို ဆိုလိုချင်တာလဲ ဆိုတာ တော်တော်ရုပ်လုံးပေါ်နေလောက်ပါပြီ။ ကိုယ့်ဟာကို ဘာသာပြန်ကြည့်ပြီး ကျွန်နော်ပြန်ထားတာနဲ့ လိုက်ကြည့်ပေါ့။
--------------------------------------------------------------------------------------------
လတ်တလော လေးမှာ သူငယ်ချင်း တစ်ယောက် က "ပြန်လည်မရနိုင်သောအရာ ၄ ခု " လို့ ခေါင်းစဉ်တတ် ထား တဲ့ attachment နဲ့ email ပို့ လိုက်ပါတယ်၊... ဘ၀ ကို ဒဿနဆန် ဆန်(လေးလေးနက်နက်) တင်ပြထား တဲ့ ဒီ email လေး ကို ဖတ်ရတော့ ကြော်ငြာ နေမှာပါ လို့ ထင်နေမိ ခဲ့တဲ့ ကျွန်နော် အတော်လေးတော့ အံသြော သွားတယ်၊ စကားစု ၄ စု က ဒီ လောက်လေးနက် တယ်ဆိုတာ အံသြောဖွယ်ရာပဲ။

လွှင့်ပြစ်လိုက်တဲ့ကျောက်ခဲ

တခါတလေ မစဉ်းမစား မဆင် မချဉ် နဲ့ အပြစ်မဲ့ သူတွေကို ကျွန်နော်အပြစ်တင်ခဲ့တယ်၊ အကင်းကလဲ မပါး၊ စွပ်စွဲ မှု တွေ မှန်လား မှားလား သုံးသပ်ဖို့ ကလဲ ပျက်ကွက် ခဲ့လေတော့ တချို့တချို့သော လူတွေကို အနာတရ ဖြစ်စေ မိခဲ့ တယ်၊ အဲဒါတွေ ဟာနောင်တကြီးစွာ ပဲ မသာယာတဲ့ ဖြစ်ရပ် များ အနေ နဲ့ ကျွန်နော့် အသိ မှာ ထာဝစဉ် ခိုအောင်း နေပါတယ်၊ ဘ၀သင်ခန်းစာ တွေလို့လဲ ဆိုရမှာပေါ့၊ အထူးသဖြင့် လူတွေရဲ့ ကောင်းခြင်း လေးတွေကို ကျွန်တော်တို့ နှုတ်ယူ ခဲ့မိရင်.......

ပြောပြီးသွားတဲ့စကား

လောင်မြိုက်နေတဲ့ အခိုက်အတန့် မှာ ဘယ်နှစ်ခါ များ မပြော သင့်တာ လွှတ်ခနဲပြော၊ ပြောပြီးမှ နောင် တရ ခဲ့ကြသလဲ ၊ ကျွန်နော် ပြော ခဲ့တယ် ၊သင်ခန်းစာတွေလဲ ရခဲ့တယ် ၊ ခုတော့ တစ်စုံ တစ်ယောက် ကို မကျေမနပ် ဖြစ်နေတယ် ၊ သူ့ ကိုတော့ ငါဆော်ထည့်လိုက်တော့မယ် လို့ ဖွင့်အံချင်စိတ်ပေါ်လာတိုင်း.... အသက် ကို ပျင်းပျင်း ရှူ သေချာ စဉ်းစား ပြီးမှ စိတ် အစာ မကျေမှုကိုဖြေရှင်းတော့တယ်ဗျာ။ ဒီ "Moment of Truth" ဆိုတဲ့ အမှန် အမှား ဆုံးဖြတ်ပေးတဲ့ အခိုက်အတန့်လေး ဟာ ကျွန်နော့် ကို စီစစ် မှုတွေ ပေးနိုင်ခဲ့ ပြီး ၊ ၁၀ ခါ မှာ ၉ ခါလောက် အခြေ အနေ တွေ ကို ယဉ်ကျေးသိမ်မွေ့ စွာ နဲ့ ချဉ်းကပ် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

ဆုံးရှူံးပြီးသွားမှ

one great sai: "ခုမှတော့ ငို မနေနဲ့တော့" ဆိုတဲ့ သီချင်း စာသား လေး ကို သတိရမိတယ်။ ဘာ မှတော့ မဆိုင် လောက် ပါဘူး၊ ဒါပေမဲ့ ဒီ သဘောတရားပဲနေမှာပါ၊ တခါတလေ ကျွန်နော်တို့ တွေဟာ ကိုယ့် ဘေး နားမှာ အမြဲ လို ရှိနေတဲ့ အရာ၊ တစုံ တယောက် ကို ရှိလို့ ရှိမှန်း မသိ၊ သိတောင် ကိုယ့် အတွက် သိတ် တန်ဖိုး မရှိ သလို၊ အရေး မပါသလို ခံစား တတ်ကြတယ်၊ ပြီးတော့ တခါတရံမှ မြင် ရ ထိရတဲ့ အရာ က ပို ချိုမြိန် သလို၊ ပို အရောင်စုံ သလို နဲ့တမ်းတနေမိတတ်တယ်၊ လူပဲလေ ဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ မလွန်ခင် မှာ သတိလေးပြန်ထားပြီး ကို.ယ့် အနား က ထာဝရ ရှိနေတဲ့ သူကို မြတ်နိုးတန်ဖိုးထား တဲ့ အကြည့် နဲ့ ပြုံးပြပြီး "You are my everything" လို့ ပြော ကြည့်လိုက်ပါလား......စကားချပ်များသွားပြီဗျာ..ဟဲဟဲ..စာပြန်သင်လိုက် အုန်းမယ်...ကဲ ..

ွGarth Brooks ရဲ့ If Tomorrow Never Comes (မနက်ဖြန်ဆိုတာ မရောက်ခဲ့ရင်)ဆို တဲ့ သီချင်းလေးတပုဒ် ရှိတယ်၊ စာသား တချို့ က တော့ ထိတယ်ဗျ၊

  • Cause' I've lost loved ones in my life who never knew how much I loved them... ကျွန်နော့် ဘ၀မှာ ကျွန်နော် ချစ်ရတဲ့ သူတွေ များစွာ ပျောက် ကွယ်သွား ခဲ့ပြီးပြီ ...သူတို့ ကို ကျွန်နော် ဘယ်လောက် ချစ်တယ်ဆို တာ သိမသွားကြ ဘူး.......
  • Now I live with the regret that my true feelings for them never were revealed. ကျွန်နော့် သူတို့  အ ပေါ် ရှိခဲ့ တဲ့ ခံစား မှု အမှန် ကို ဘယ် တော့ မှ ထုတ်ဖေါ် ပြောခွင့် မရတော့ပါလား ဆို တဲ့ နောင် တ နဲ့ နေ နေ ရ တယ်။So
  • I made a promise to myself to say each day how much she means to me. ဒါကြောင့် ကျွန်နော့် ကို ကျွန်နော် ဂတိ တစ်ခု ပြုတယ် ဗျာ...ကျွန်နော့် အတွက် သူ မဘယ် လောက် အရေးပါ သလဲ ဆို တာ သူမကို နေ့ စဉ် နဲ့ အမျှ ပြော မယ် လို့ လေ။
  • And avoid the circumstances where there's no second chance to tel her how I feel. ကျွန်နော့် ရဲ့ ဒီလို ခံ စားမှုလေး ပြော ခွင့်  မရ တဲ့ အခြေအနေ မျိုး ကို အဖြစ် မခံချင် လို့ ပါ။
အမှတ်ရ စရာ သတိပြု စရာ စာသားတွေပါ၊ မနက်ဖြန် ရော က်လာ မလား ဆို တာ မသေချာဘူးလေ၊ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ ဘ၀ ဆို တာ နေ့ မြင် ညပျောက် ၊ ကိုယ့်အတွက် အရေး ပါ အရာ ရောက် သူ တွေ ကို သူ တို့ တွေ ဟာ ဘယ် လောက် ကိုယ့် အတွက် အရေးကြီးကြောင်း ..ရ ရတဲ့ အချိန် လေး ကို တန်ဖိုး ထား ပြီး ပြော ကြမယ်၊ ဘာ လို့ နောက် မှ လို့ .....ဆိုင်းထား မှာလဲ....


ကုန်လွန် သွားပြီး အချိန်....

  • ငါ့ အလုပ် အကိုင် အတည်တကျ ခိုင်ခိုင် မြဲမြဲ ဖြစ်မှ ငါ့ ခလေးတွေ နဲ့ အတူ အချိန်ဖြုန်းမယ်....
  • ငါ အလုပ် မှာ အ ချိန် ကြာ လုပ်နေ ရတာ ငါ့ မိန်းမ နားလည်မှာပါလေ.......
  • အလုပ် သည် သာ ပထမ၊ ငါ ကြိုးစား မှ တစ်သက်လုံး မပူမပင် သက်တောင့် သက်သာ ငါတို့ နေနိုင်မှာ....
  • ကျွန်နော် အလုပ်များနေတယ် အဖေ၊ နောက် အပတ်တွေမှာ အမေ နဲ့ အဖေ့ ကို ခေါ် ပြီး အပြင်မှာ ညစာ သွား စားကြမယ်လို့ သား ဂတိပေးတယ်..........
ကြားနေကျ စကားလေးတွေပါ၊ ဒီလို သက် ၀င်လှုပ် ရှား နေရတဲ့ ဘ၀ ကြီး နဲ့ အစိတ် အပိုင်းတွေ ကို အချိန်ဇယားတွေ ဆွဲ ၊ အခန်း ကဏ္ဍ တွေ ခွဲ ပြီး သေသပ်စွာ လုပ်ဆောင် မရ နိုင်ကြောင်း ကျွန်နော် သင်ခန်းစာ တွေ ကောင်း ကောင်း ရ ခဲ့ ပြီ။

သူငယ်ချင်း...ဘ၀ ဆိုတာ...ရော ရိရော ရာ ပေါင်း စပ် ထားတာပါ ၊ ဒါတွေ ကို ကိုယ် နဲ့ လိုက်ရာ လိုက်ကြောင်း ၊ ကိုယ် ပိုင် ရွှေချီထိုး ပန်းချီ ကား လေး အဖြစ် ထိုး လိုက်ရင် ရောင်စုံချယ် လှပ ပြီး ကြည်နှူး စရာ အတိ စိတ် ၀င်စား စရာ အပြည့် ဖြစ်နေမှာပါ ။

ရ နေတဲ့ အချိန် ကို ပြည့် ဝစွာ အသုံးချ... ရှိနေတာလေး တွေ မြတ်နိုး တန်ဖိုး ထား..... သိအောင် လဲပြော....မနက်ဖြန် ဆို တာ ရောက် မလာ ရင် တောင် နောင် တ ဆို တာ မရှိတော့ဘူးပေါ့....

ပျော်ရွှင် နိုင်ကြပါစေ....

Valentine day အမှတ်တရ.....

Wednesday, February 10, 2010

If Tomorrow Never Comes

If tomorrow never comes -မနက်ဖြန်ဆိုတာများ မရောက်ခဲ့ရင်- ဘာ ဖြစ်မလဲ..ဘာမှ မဖြစ်ပါဘူး၊ ကျွန်နော် က ပုံပြင် ပြောမှာ မဟုတ်လို့ပါ၊ ကျွန်နော့် ဒီblog လေးက English စာ၊စကား လေ့လာရေးကို အဓိက ထားရေး ဖို့ လုပ်ထားတာ ဖြစ်တော့ ပြော ရေး တဲ့ အကြောင်း အရာတွေ က English စာ၊ စကားတွေ နဲ့ပဲ ပတ်သက် နေ မှာ ပါ။ အမှန် သီချင်း တင်ဖို့  အစီအစဉ် မရှိသေးပါဘူး၊ ဒီမနက် ရထားစီးပြီး အလုပ် အလာမှာ သတင်းစာ ဖတ်ရင်း တွေ့ တဲ့ စာလေး ကကောင်း တော့ ဝေမျှချင်တာနဲ့ ဆက်စပ်ပြီး သီချင်းပါ ပါ သွားတယ်

သီချင်းနာမည် If tomorrow never comes ကို ခေါင်းစဉ်တတ်ပြီး ရေးတာ ရယ်၊ စာသား တွေ ကို ထုပ်နှုတ်ရေး ထားတာကြောင့် ကျွန်နော့် blog ကိုလာဖတ် သူတွေ ပိုပြီးရသ စုံအောင်၊ သီချင်း လိုက်ဆိုရင်း စကားလုံး အသစ်တွေ လဲ ရအောင် mp3 နဲ့အတူ တပုဒ် လုံး lyrics ကို တင်ဆက် လိုက်တာပါ။

သတင်းစာ က ရေးထားတာလေး ကို ရသ မပျက်စေချင် လို့ အရင် က လို တစ်ကြောင်းချင်း ဘာသာ မပြန်တော့ ဘူး ဗျ၊ အောက် မှာ ပဲ Vocabulary တစ်ခု ချင်း စီ ပြောရင်း၊ ဘာ တွေ က ဘယ်လိုကောင်းတယ် ဆိုတာနဲ့ အတူ သီချင်း လေး ကိုလဲ ဘာသာပြန်ရင်း စာဖတ်သူတွေနဲ့ လိုက်ခံစားကြည့်မယ်။
-------------------------------------
RECENTLY, a friend sent me an e-mail with an attachment titled "Four Things You Cannot Recover". Expecting a commercial spiel, I was pleasantly sur­prised to see that the e-mail of­fered a philosophical take on life. It’s amazing how four sim­ple phrases can be so profound.

THE STONE AFTER THE THROW

Sometimes, I have jumped the gun and blamed others when they were innocent. My lack of sensitivity and failure to verify those accusations led me to hurt people. These form the unpleasant incidents which will always re­main regretfully carved in my memory. These are also known as “life’s lessons”, especially if we have taken away something pos­itive from them.

THE WORD AFTER IT’S SAID

How many times, in the heat of the moment, have we blurted out unpleasant words, only to regret it afterwards? I have, and I have learnt my lesson. Now, if I feel like vent­ing my frustration on someone who I feel deserves it, I take a deep breath and embark on what I call “a moment of truth”, before speaking my mind. This “moment of truth” puts a check on me and, nine out of 10 times, I managed to ap­proach a situation in a more civ­il fashion.

THE OCCASION AFTER THE LOSS

There is a song by Garth Brooks entitled If Tomorrow Never Comes. Part of the lyrics go like this: ’Cause I’ve lost loved ones in my life/Who never knew how much I loved them/Now I live with the regret/That my true feelings for them never were re­vealed. So I made a promise to myself/To say each day how much she means to me/And avoid that circumstance/Where there’s no second chance/To tell her how I feel. This serves as a reminder for us to tell people how much they mean to us right now, and not put it off to another day. Life is fragile and we should want to cherish every moment as it comes, for tomorrow is prom­ised to no one.

THE TIME AFTER IT’S GONE

“I will spend more time with my kids after I have established my career”, or “I’m sure my wife will understand that I have to work long hours”. “Right now, my company comes first and I need to make it successful, so that we can be comfortable for the rest of our lives.” “I’m really busy, Dad, but I promise I will try and visit in the next few weeks to take Mum and you out for dinner.” Do these statements sound familiar? I have learnt the hard way that the elements that constitute our lives cannot be compartmentalised, nor neatly arranged on a schedule.
Life is, more interestingly, a mishmash of experiences that – when weaved together – forms a beautiful and personalised tapestry. So, friends, cherish today, appreciate the time you have and live it up!
----------------------------------------------------
သီချင်းစာသား

Sometimes late at night
I lie awake and watch her sleeping
She's lost in peaceful dreams
So I turn out the light and lay there in the dark
And the thought crosses my mind
If I never wake in the morning
Would she ever doubt the way I feel
About her in my heart

If tomorrow never comes
Will she know how much I loved her
Did I try in every way to show her every day
That she's my only one
And if my time on earth were through
And she must face this world without me
Is the love I gave her in the past
Gonna be enough to last
If tomorrow never comes

'Cause I've lost loved *ones* in my life
Who never knew how much I loved them
Now I live with the regret
That my true feelings for them never were revealed
So I made a promise to myself
To say each day how much she means to me
And avoid that circumstance
Where there's no second chance to tell her how I feel

If tomorrow never comes
Will she know how much I loved her
Did I try in every way to show her every day
That she's my only one
And if my time on earth were through
And she must face this world without me
Is the love I gave her in the past
Gonna be enough to last
If tomorrow never comes

So tell that someone that you love
Just what you're thinking of
If tomorrow never comes

(လောလောဆယ်တော့ ဒါလေးပဲဖတ်ထားပါခင်ဗျာ၊ဘာသာပြန် နဲ့ ရှင်းလင်းချက်ကို အလုပ်လေးနဲနဲ
ပါး သွားရင် ပြန်editလုပ်ပြီးဆက်ရေးပါ့မယ်)

Template by - Abdul Munir | Daya Earth Blogger Template