Thursday, January 7, 2010

English Word of the Day - sarcastic

sar·cas·tic -adjective- using, or fond of using sarcasm (လှောင်ပြောင်ခနဲ့သော၊ နာကျည်းအောင် ခနဲ့ သော)


sarcasm-Noun-လှောင်ပြောင်ခြင်း၊ပျက်ရည်ပြုခြင်း၊ ကနေလာတာပါ။ မြင်နေရတဲ့၊ ဖြစ်နေတဲ့ အကြောင်း အရာတခု ခုကို သိသိသာသာဆန့်ကျင် ခါ ပြောဆို ပြီး လှောင်ပြောင်ပျက်ရည်ပြုတဲ့ နေရာမှာ အသုံးများပါတယ်၊ ခေတ်စကားနဲ့ဆို ရင် ထည့် တာပေါ့။ အောက်က နမူနာ စာကြောင်းလေးတွေ လေ့လာကြည့်ပါ။

Sentence Example

a. He has a great mild sarcastic, dry humour. (သူ့မှာ အတော်ကောင်းတဲ့ အပျော့စား အထေ့အငေါ့ ဟာသညဉ် လေးရှိတယ်။)

b. One of the other members of the staff was Ba Din, a rather sarcastic man. (တခြားဝန်ထမ်း အဖွဲ့ ဝင်တဦးကတော့ ဗဒင် ပေါ့ဗျာ၊ တော်တော်ဂွကျတဲ့ လူ )

c. I know myself that I am weak in English. You don't need to repeat again how we Myanmar Engineers are so good at English. You are just being sarcastic! (ငါ English မှာအားနည်းမှန်း ငါ့ကိုငါ သိပါတယ်၊ မင်း ငါတို့မြန်မာအင်ဂျင်နီယာတွေ English ဘယ်လောက်တော်ကြောင်း ထပ်ခါသလဲလဲပြောစရာ မလိုပါဘူး၊ မင်း သက်သက် ထေ့ငေါ့နေတာ)

How to be sarcastic example dialogues -ဘယ်လို ပြောမှ ဂွကျတာလဲ? BBC English က နမူနာ စာကြောင်းတွေ လေ့လာ ကြည့်ရအောင်။


Woman: John, the car won’t start!
Man: Oh great! That’s just what we need.

အမျိုးသမီး- ဂျွန်ရေ၊ ကားက နိုးလို့ ကို မရတာ။
အမျိုးသား- ဟ ကောင်းတာပေါ့၊ အဲ လိုမျိုးလေး ဖြစ်ချင်တာမလား။


Woman: [It] looks like Karen’s going to be late again.
Woman 2: Oh what a surprise.

အမျိုးသမီး၁- ကယ်ရင်ကတော့နောက်ကျပြန်ပြီ ထင်ပါရဲ့။
အမျိုးသမီး၂ - အိုးအံ့သြောစရာကြီး။

Woman: Sorry, I think I’ve broken it.
Man: Oh well done! Pass it over here.

အမျိုးသမီး- အယ်ဆောရီး၊ င့ါလုပ်လိုက် လို့ဒါလေး ကျိုးပဲ့သွားပြီ။
အမျိုးသား- အိုး ကောင်းမှကောင်း၊ ဒီဘက်လေးကမ်းလိုက်ပါလား အဲဒီအကွဲလေး။


0 comments:

Template by - Abdul Munir | Daya Earth Blogger Template