Vocabulary နဲ့ Pronunciation ကို ပါ လေ့လာ မှတ်သားနိုင်ပြီး နေ့စဉ် သုံးတွေ ဖြစ်ပါတယ်၊ လေ့လာ သူတွေလဲ စာအုပ်မျိုးစုံ၊ အသံထွက်မျိုးစုံ ကို တိတ်ခွေ တွေ စီဒီတွေ နဲ့ ရင်းနှီးပြီး ဖြစ်နေလောက်ပါပြီ၊ တချို့ လိုအပ်နေမဲ့ လူတွေ အတွက်အသုံးကျ မှာပါ။
ဒီ EASY CONVERSATION ကို နှိပ်လိုက်ရင် Daily Life, School Life, Health, Entertainment ဆိုပြီး ခေါင်းစဉ်ကြီးတွေ နဲ့ အတူ sub-titles အများ ကြီး ခွဲထားပေးပါတယ်၊ စာကြောင်းလေးတွေ စာလုံးပေါင်းတွေ ကို သေချာ လိုက်ကြည့် ပြီး အသံထွက်တွေ ကို ဂရု စိုက် နားထောင် လိုက်ရင် အမြန်ဆုံး နားယှဉ်ပြီး တိုးတက်လာမှာ ပါ။ ဖတ်လိုတဲ့ ခေါင်းစဉ် ကို ရွေး Click လုပ်လိုက်ရင် အဲဒီခေါင်းစဉ် အောက် ကနေ သက်ဆိုင်ရာ အရေးအဖွဲ့နဲ့ အတူ ထိပ်မှာ Player အသေးလေး ပေါ်လာပါမယ်၊ Arrow ပုံလေး ကို နှိပ်လိုက်ရင် စတင်ပြော ပါလိမ့်မယ်၊ နားထောင်လိုက် ပြီးရင် လိုက်ဆို လိုက် လေ့ကျင့်ပါ။
ကြုံ တုန်းပြောရရင် စာလုံးပေါင်း နဲ့ အသံထွက်ကို ဂရုစိုက်ပါ၊ နိုင်ငံရပ်ခြား မှာ အနေကြာ ပြီး နားရည် ၀နေတဲ့ ညီအစ်ကို မောင် နှမတွေ ရေးထား တဲ့ စာ တွေ မှာ တစ်ခါတစ်လေ တော်တော်ကို အဆင်မပြေတာတွေ့ရတယ် Pattern မှန် တယ်၊ Grammar မှန်တယ်၊ ဒါပေမဲ့ Vocabulary တွေ က မှားနေတယ်၊ အသံထွက် ဆင်တဲ့ စကားလုံး ၂လုံး ကို မှားသုံးထားတယ်၊ ရိပ်ဖမ်းသံဖမ်း ပြီး ဒီလို အပြောကို တော်တော်ရင်းနှီးနေကြတော့ အမှား ကို အမှန် လုပ်ပြီး confidence အပြည့်နဲ့ရေးနေတဲ့ စာတွေပါ၊ ဒီလိုပြောလို့ ပုတ်ခတ် ပြောတယ်လို့ မယူဆပါနဲ့၊ ဒီ Blog ကိုလုပ်တဲ့ အခြေခံရည်ရွယ်ချက်ကို က ကိုယ်သိတာ ကိုဝေမျှခြင်တာနဲ့ အတူ ကမ္ဘာ နိုင်ငံ အသီးသီး မှာ မြန်မာ ဆိုပြီး ဘာသာ စကာကျွမ်းကျင်ပြီး နေရာ ရစေခြင်တဲ့ စိတ်နဲ့ပါ။
ဒီ Post ကို အဆုံး သတ်ရင်း ဒီ link လေး EASY CONVERSATION ကိုနှိပ် ဖတ်မှတ် တိုးတက်နိုင်ကြပါစေ။
0 comments:
Post a Comment