Monday, February 15, 2010

Do You Have ? Have You?

Online မှာ ကျွန်နော် အခါအားလျှော် စွာ Chatting လုပ်ပါတယ် ၊ ရပ်နီး ရပ်ဝေး မိတ်ဆွေ တွေ နဲ့ ဆက်ဆံရတာ အကုန် အကျ သက်သာပြီး မိတ်ဆွေ သစ်တွေ လဲ ရပါတယ်။ မိတ်ဆွေ အသစ်တွေ့ တော့ ထုံးစံ အတိုင်း ဘာ ညာ ကွိ ကွ မေး ကြရင် ၊ email account ရှိလား ၊ ဖုံး နံပါတ် ရှိလား မေးကြတယ်။ ကြားရ ဖတ်ရ တာ အဆင် သိတ် မပြေ တာလေး ပြော ချင် ပါတယ်

  • " Have you phone? " (X)
  • " Have you gmail?" (X)
ပထမ ဦးဆုံး phone နဲ့  gmail ရှေ့မှာ "a" မပါ လာတော့ Grammar အရ မမှန် တာ ရယ်၊ အဲ ဒါ ကို "a" တပ်ပြီး Grammar အမှန် ပြင် ပြီး ဒီ လို ပြော မယ်။

  • Have you a phone?
  • Have you a gmail?
Grammatically မှန် ပေမဲ့၊ ပြော ရ ကြား ရတာ အဆင် မပြေပြန် သေး ဘူး ၊ ဒီ အသုံး မျိုး ကို အရင် ခေတ် က ရေးခဲ့ တဲ့ စာ ကြီး ပေကြီး တွေမှာ ပဲ တွေ့ ရလေ့ရှိပါတယ်။ ဒီ ခေတ်မှာနိုင်ငံရပ်ခြား တိုင်းတပါး မှာ ရော ၊ Native Speakers တွေ ကရော ဒီ usage ကို မပြော သလောက် ပါပဲ။

အဲ ဒီ လို ထက် စာရင် formal ကျ တဲ့ နေရာ တွေ မှာ၊ သူစိမ်း တစာရံ တွေ နဲ့ ပြော ရင် " got " ထည့် ပြီး အောက် က example တွေ လို ပြောကြပြီး..

  • Have you got a phone?
  • Have you got a gmail?
အများ စု က တော့ ပြောရ ဆို ရ လွယ်ကူ ပြီး ရှင်း လင်းတဲ့ ပုံ စံ

  • Do you have a phone?
  • Do you have a gmail?
ဆို ပြီး ပြော ကြပါတယ်။

0 comments:

Template by - Abdul Munir | Daya Earth Blogger Template