ကိန်းဂဏန်း နံပါတ် နဲ့ အချိန် အကြောင်း တွေ လေ့လာကြရအောင်၊ လွယ်တယ် သိတယ် လို့ ထင်စရာ ပါ၊ ဘာများပြော စရာ ရှိလဲ နေ့စဥ်ပြောဆို သုံးစွဲ နေတာ အဆင်ပြေ နေတာပဲ လို့လဲအများစုက ပြောကြမှာပါ။ ကျွန်တော့်  သင်တန်းသားလေးတွေ ကြားမှာ တွေ့ နေရတဲ့ အမှား လေး တွေ ကို သတိပြုမိရင်း ဒီ Numbers & Time အကြောင်း ရေးသား ဝေမျှလိုက်ပါတယ်။
English Languageမှာ numbers တွေကို cardinal numbers နဲ့ ordinal numbers ဆိုပြီး ၂ မျိုး ခွဲထားပါတယ်၊
- Cardinal numbers ဆိုတာက (တစ်၊ နှစ်၊ သုံး )စသည့် အခြေခံ ဂဏန်း လုံး၊ အရေအတွက် ပြ ကိန်း တွေ ဖြစ်ပြီး
- ordinal numbers ဆိုတာကတော့ (ပထမ၊ ဒုတိယ၊ တတိယ စသည့်) အစဉ်ပြကိန်း ဖြစ်ပါတယ်။
A. Cardinal numbers ရဲ့ သုံးနှုန်း ပုံတွေကို အရင် လေ့လာကြည့်ကြရအောင်..
ရေး ပြော မယ် ဆိုရင် 1, 2 ,3 ဆိုပြီး figures (ဂဏန်း) အနေ နဲ့ သုံးမလား one, two, three ဆိုပြီး words (စာလုံး) အနေ နဲ့ သုံးမလား?
Examples 1 :
တွေ့ ရတတ်တဲ့ အသုံးများ တဲ့ အသုံးအနှုန်းတွေပါ။
Examples 2 :
- ten gigabytes of data usage
တခါတရံကြတော့ Examples 2 မှာ လို စာသားနဲ့ ရေးတာ ကို တွေ့ ဘူးကြမှာပါ၊ အထူးအားဖြင့် ဂဏန်းငယ် တွေ ကိုဒီလို သုံးကြပါတယ်။
Examples 3 :
- 693 people attended my reception. ( ဒီလို သုံးလေ့မရှိပါ)
- Six hundred and ninety-three people attended my reception. (ဒီလို သုံးပါ)
Examples 3 ကတော့ sentence ဆိုတဲ့ စာကြောင်း အစမှာ ဂဏန်းလုံး နဲ့ ရေးလေ့ မရှိကြောင်း ပြတာပါ။

ဇယားလေး ကို ကြည့်ပြီး fifteen, eighteen, forty, fifty, eighty အစရှိ တဲ့ စာ လုံးပေါင်း တွေ ကို သတိပြုပါ၊ အပေါ်က twenty-one နဲ့ အောက်ဇယား က one hundred and sixty-four တွေ လို 100 အောက် အလုံးတွဲ compound numbers မှာ (-) hyphen လေးထည့် သုံး တာကို သတိထားပေါ့။ Alone အစား one ကိုပဲ သုံးပါ။

"and" ကို နေရာတိုင်းမှာ မသုံးတာ သတိပြုမိကြပါရဲ့လား၊ hundred နဲ့ နောက် ကဆက်ပါလာ တဲ့ number တွေမှာပဲ and ကို သုံးပါတယ်။
Example: two hundred and fifty.
သို့ပေမဲ့ Americans တွေ က and ကို ဖြုတ် ပြီး two hundred fifty. လို့ သုံးလေ့ရှိကြတယ်။
တခြား သတိထားစရာ အချက်၊ တော်တော်များများ ဇဝေဇ၀ါ ဖြစ် တတ်တဲ့ အမှား ကတော့ Hundred, thousand, million, တွေ ကို ရေးရာ မှာ 'S" ကို ထည့်ရေးတတ်ကြတယ်၊ နံပါတ်ရဲ့ အစိတ်အပိုင်း အနေ နဲ့ ဆိုရင် 's' ကို မသုံးရပါ။ phrases ဆိုတဲ့ စာကြောင်း တွေ မှာ မှ 's' သုံးပါတယ်၊ အောက် က example 2 ခု ကိုကြည့်ရင်ရှင်းမှာပါ။
* The flight costs six hundred pounds.
* hundreds of people
ထောင် ဂဏန်းတွေ ကို 1, 000 or 1000 ဒါမှမဟုတ် 1 000 (1 နဲ့ ၀ ကြား space ခြား) ရေးလေ့ ရှိပါတယ်၊ 1.000 လို့ မရေးတာကတော့ ရှင်းပါတယ်နော်။ ဒသမကိန်း ဖြစ်သွားမှာပေါ့။
ဘိုစစ်စစ်တွေ၊ ရုပ်ရှင်တွေမှာ ဒီလို သုံးတာကြားဖူးကြမှာပါ၊
1100, 1200 ကနေ 1900 ထိကို ‘eleven hundred’, ‘twelve hundred’, etc. လို့ ဖတ်ကြတယ်။
* The hostages spent over fourteen hundred days in captivity.
A နဲ့ One ဘာ သုံး ရမှာလဲ?
a နဲ့  one ကို hundred, thousand, million, etc. တွေ ရဲ့ ရှေ့ ကနေ သုံးပါတယ်၊
- We’ve got a hundred members / one hundred members.
A က အရပ်သုံး စာ စကား အဖြစ် ပြီးတော့ အတိအကျ မပြော ချင်၊ မပြောနိုင် တဲ့နေရာတွေ မှာ သုံးပါတယ်။
- I’ve told you a thousand times not to do that.
One ကိုကျတော့ ပိုရှည်လျှားတဲ့ နံပါတ်များ နဲ့ သုံးလေ့ရှိပါတယ်၊ ဥပမာ- million နဲ့ thousand အတူတွဲထား တဲ့ အောက် က example sentence ကို ကြည့်ပါ။
- Unemployment stands at one million four hundred thousand.
a နဲ့  one ကို အပေါ်က example တွေကလို လှဲလည်ပြီး သုံး လို့ ရတာ သိပြီ ထင်ပါတယ်၊ တခုခု ကို သုံး ကို သုံးရ မယ် ဆိုတာလဲ မှတ်ပါ၊ အောက် မှာ ပြထားတဲ့ စာကြောင်းလိုတော့ a နဲ့ one တခုမှ မပါလို့ မရပါ နော်။
(We’ve got hundred members. ဆို လို့ မရပါ)အရပ် သုံး English မှာ a couple ကို two (နှစ်) လို့  ဆိုတဲ့ နေရာ မှာ ရော၊
- I was carrying a couple of suitcases.
‘a few’ (အနည်းငယ်မျှ) အနေနဲ့ ပါသုံးလေ့ရှိပါတယ်။
- Wait here. I’ll only be a couple of minutes.
တခါတရံမှာတော့ a/one dozen ကို twelve (၁၂) ၊ half a dozen ကို six (၆) အစား သုံး တာကိုတော့ ပြန်နွေးတဲ့ အနေနဲ့ ဖေါ်ပြချင်ပါတယ်။
- I need half a dozen eggs.
ပြီးတော့ အတိအကျ မသိ ပေမဲ့ ပမာဏကြီးမားတာ၊အရေ အတွက်များတာကို ပြောချင်ရင် dozens of, hundreds of, thousands of, millions of, and billions of. လို့ သုံးပါတယ်၊ 's' တွေ ပါတာကို သတိပြုပါ။
- There were hundreds of people in the square.
- A drop of water consists of millions of atoms.
သတိထားပြီး ပေါ်က နမူနာ နဲ့ အောက် က နမူနာ ကို ယှဉ်ကြည့် မှတ်သားပါ။ hundreds of people နဲ့ eight hundred of people မှာ ရာပေါင်းများစွာ သောလူ လို့  ဆို တဲ့ စာကြောင်း ဟာ မတိကျတော့ hundreds မှာ 's' ပါပြီး လူ ရှစ်ရာ လို့ တိတိကျကျ ညွှန်း ရာမှာ hundred မှာ 's' ကို ဖြုတ်ထားပါတယ်။
- There were eight hundred people in the square.
အများထဲ က တစ်ခု၊ တစ်ယောက် ၊ နှစ် ခု ဒါမှ မဟုတ် အစိတ်အပိုင်း လို့ ဆိုချင် တယ် ဆိုရင် number ကို of နဲ့ တွဲ သုံးပါတယ်။
- Four of the passengers were injured.
Numbers ကို about, over တွေနဲ့ သုံးမယ်။
သိနေပြီးသားဆိုပေမဲ့ မသိသေးသူများ အတွက် ပြောပါမယ်၊ ဒီကိန်းဂဏန်း နံပါတ် တွေဟာ ခန့်မှန်းခြေ အချိန်၊ အရေ အတွက် ပါ လို့ ပြော ချင်ရင် about နဲ့ numberကို အောက် ပါ example အတိုင်း အသုံးပြုပါတယ်။
- about two years
- around 5 hours
- approximately four miles
- over 5 grams
ပြီးတော့ ဒီလိုတွေလဲ ကွဲပြား သုံးနှုန်းကြပါတယ်။
- more than 100 destinations
- over 5 metres long
-ူless than ten miles
- below ten per cent
- children under 3
- only £14.99
- at least 3 weeks
- sleeps up to 6 people
'or so' နဲ့ "odd" ကို informally (အရပ်သုံးဆန်ဆန်) သုံးတာ လေ့လာကြည့်ရအောင်..- There were thirty or so people in the queue. (= about thirty people) (လူ၃၀လောက်)
- There were thirty-odd people in the queue. (= between thirty and forty people) (၃၀သာသာ၊၄၀ နီးနီး)
Numbers တွေ ကို အရေအတွက်ပြရုံ သာ မဟုတ်ပဲ အထောက် အထား ပြ အနေနဲ့ရော သုံးကြတာ သတိပြုကြ မှာပေါ့၊ For example, a credit card (အကြွေးဝယ် ကတ်ပြား) , a passport (နိုင် ငံကူးလက်မှတ် စာအုပ်) နဲ့ a telephone တွေ ကို နံပါတ်တွေ နဲ့ ပဲခွဲခြား ပါတယ် . အဲဒီ နံပါတ်တွေကို ဖတ်ကြည့်ကြရအောင်။ မြန် မာ ပြည် နဲ့ မတူ တမူထူး တယ် မထင်ပါနဲ့ ၊ အတူတူပါ ပဲ၊ တစ်လုံးစီ ပဲဖတ်ရ တာပါ)
- Visa Card 4929 8063 1744
- four nine two nine, eight zero six three, one seven four four’
Callus on 01568927869
‘oh one five six eight, nine two seven, eight six nine’
သုညကို ‘zero’ or ‘oh’ for 0. လို့ ဖတ်ပြီး number ၂ခါထပ်နေရင်တော့ ‘four four’ or ‘double four’. လို့ဖတ်ပါ။
သုညဂဏန်း ‘zero’ကို ‘nought’ လို့ (British English) လို့ လဲဖတ်ပါတယ် .
- You’ve missed out a nought / a zero from this number.
ဒီလောက် ဆို CARDINAL NUMBERS အကြောင်းတော်တော်နားလည်စွာ သုံးတတ်လောက်ပါပြီ၊ ဆက်လက်ပြီး
Ordinal numbers ဆိုတဲ့ (ပထမ၊ ဒုတိယ၊ တတိယ စသည့်) အစဉ်ပြကိန်း တွေကို လေ့လာကြည့်ကြပါစို့။
Ordinal numbers တွေမှာ first, second, third ကတော့irregular (ပုံမမှန် အသွင်ပြောင်းစာလုံး) တွေပေါ့၊ ကျန်တာ တွေ ကတော့ ပုံမှန် အတိုင်း cardinal ခေါ် အခြေခံကိန်း တွေကို th ပေါင်း သွားရုံပါ ၊ ဥပမာ- fourth, tenth, ပြီးတော့ -ty နဲ့ ဆုံးတာတွေ ကို y ဖြုတ် ieth ပေါင်းထည့် -ty ကနေ-tieth, forty - fortieth.
ဂဏန်းလုံး အနေ နဲ့ သုံးမယ် ဆိုရင်လဲ 1,2 3, 4 ဆိုတဲ့ cardinal number ကိုရေး ၊ပြီး ordinal numberက စာလုံး th ပေါင်း ထည့်လိုက် , e.g. 4 +th = 4th.
1st =first, 2nd=second, 3rd= third, 4th= fourth, 5th=fifth 8th=eighth, 9th =ninth, 12th=twelfth, 13th= thirteenth, 20th=twentieth 21st= twenty-first, 22nd=twenty-second , 54th= fifty-fourth, 100th=(one) hundredth, 347th =three hundred and forty-seventhဒီ Spellingsတွေ သတိပြုပါ: fifth, eighth, ninth, twelfth, and twentieth, thirtieth, etc.Here are some examples of the use of ordinal numbers.
- her 25th birthday
- on the 83rd floor
- in the 21st century
- The third and fourth adult passengers in your car can travel free.
Ordinal number ကို cardinal ရှေ့မှာ အမြဲထားသုံးပါတယ်။- The first four runners were well ahead of the others. (ပထမ လေး ယောက်)
Ordinal number ကို fractions (အပိုင်းဂဏန်း) နဲ့ dates (နေ့စွဲ) တွေမှာသုံးပါတယ်။King, Queen, Monarchs (ရှင်ဘုရင်၊ မင်းမြတ်) တွေ နာမည်တွေနောက် ကလိုက်လာတဲ့ ရောမ ဂဏန်းတွေ ကို ordinals အနေ နဲ့ ဖတ်ဆိုပါတယ်၊ the ပါလာပြီး အောက် ကအတိုင်း ဖတ်ရတာ ကို သေချာမှတ်ပါ။
- George V- ‘George the fifth’.
တော်တော်များ နေပြီဆိုတော့ ပျင်း နေလောက်ပြီ၊ အားတင်းထား..အခြေခံလေးတွေဆိုပေမဲ့ သေချာ သိထားတော့ မှန် မှန်ကန်ကန် သုံး တတ်ပြီး အရေးကောင်းအပြော ကောင်း တာပေါ့။
Numbers တွေကို Fractions (အပိုင်းဂဏန်းများ), decimals (ဒဿမကိန်းများ) နဲ့ percentages (ရာခိုင်နှုန်း) တွေ မှာ ဘယ်လို ရေးပြောလဲ ဆက်ကြည့်ကြရအောင်ပါ။
Fractions(အပိုင်းဂဏန်းများ) မှာ half, quarter ဒါမှ မဟုတ် အစဉ်ပြကိန်း (ordinal number) ကိုသုံးပါတယ်၊
1/2 = a half/one half, 2/3= two thirds, 1/4= a quarter/one quarter, 4/5 =four fifths
1 1/2 =one and a half, 2 1/3 = two and a third, 6 3/4 = six and three quarters, 15/ 16= fifteen sixteenths
One (တစ် ) ထက် ငယ်တဲ့ ဂဏန်း နဲ့ ဆိုရင်တော့ of ကို noun phrase (နာမ် ပုဒ်စု) ရှေ့ ကခံ ပြီးသုံးပါတယ်။
- I waited three quarters of an hour. (an hour ဆိုတာ noun phrase လေးပါ)
- Two thirds of the field was under water.
One (တစ် ) ထက် ကြီး တဲ့ ဂဏန်း နဲ့ ဆိုရင်တော့ noun အများ လိုက်ရ ပါရော။- I waited one and a half hours. (တစ်နာရီခွဲ ဆိုတော့ တစ် ထက်များတယ်လေ၊ အဲဒီတော့ hours ဆိုပြီး 's ' ပေါင်း ပြီး noun အများ လုပ် ရတယ်)
- The room is three and three quarter metres long.
အောက် က အပိုင်းကိန်း စာကြောင်း ၂ ကြောင်း ယှဉ်ကြည့် ရင် ဘာတွေ ထူးခြားနေလဲ?
- three quarters of a metre (less than one metre) (၃/၄ ဆိုတာ ၁ ထက် ငယ်တယ် မဟုတ်ဘူးလား၊ အဲတော့ metreလို့ ပဲ s မပါ ပဲ သုံးပါတယ်)
- three and three quarter metres (more than one metre). ( သုံး၊ လေးပုံ သုံးပုံ ဆိုတော့ ၁ ထက် ပိုသွားပြီ၊ metres ဆို ပြီး s ပါ အောင်၊ အများကိန်း အဖြစ် သုံးပါတယ်)
One and a half/One and a quarter တွေရဲ့နောက် က noun ပါ တဲ့ ပုံစံတွေ ကို ဒီလို လဲ ရေးကြ ပြော ကြပါသေးတယ်။
- one and a half hours > an hour and a half
- one and a quarter pages > a page and a quarter
Decimals (ဒဿမကိန်းများ) ကို ကြည့်ကြစို့။
0.2 =‘point two’/‘nought point two’/‘zero point two’
(Zeroက American English အဖြစ် အသုံး များပါတယ်)
ဒဿမ နောက် က ပါလာ တဲ့ ကဏန်းတွေ ကို တလုံးချင်းစီ ဖတ်ပါတယ်။- 7.45 ‘seven point four five’
- 15.086 ‘fifteen point (oh/nought/zero) eight six’
ဒဿမ နောက် ကနေ အများ နာမ် လိုက် လို့ ရပါတယ် (သုည ဒဿမ ခြောက် ဟာ ၁ ထက်ငယ် တယ်၊ ဒါကြောင့် အနည်းကိန်းပဲ လိုက်ရမယ် လို့  မမှတ်ပါနဲ့) ၊Example လေးကြည့်လိုက်ကြစို့ ။- There was 0.6 seconds between the leaders.
- 3.25 metres is the length of the wall.
Percentages (ရာခိုင်နှုန်းတွေ) နဲ့ ဘယ်လို သုံးကြမလဲ?- 25%! (‘twenty-five per cent’)
- a 2 per cent growth in population (‘two per cent’)
- inflation of 3.72 per cent (‘three point seven two per cent’)
နံပါတ်အကြောင်းလေးတင် တော်တော် အချိန်ကုန်သွားပြီ၊ ဒီလောက် ကုန်ချင်တဲ့ အချိန် အလကား ထား လို့တော့ ဖြစ်လောက်ဘူး၊ သူ့ အကြောင်း ထည့်ပြော မှ ပဲ၊ ကဲ Number နံပါတ် နဲ့ times ဘယ် လို ပတ်သက်ဆက်နွယ် ပြီး ညှိနေကြလဲ ဆက်ကြည့်ကြမယ်။
Times ဆိုတာနဲ့ အချိန် ပြေး သတိရနေကြ ပြီ လား.. နိုး.. နိုး...ခု ပြော တဲ့ Times က ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ လဲ ဆိုတာကို ဖေါ်ပြတဲ့ Times ပါ၊ဘာတွေလဲ၊ ဘယ်လို ပြော လဲ သုံးလဲ ဆက်ကြည့်ပြီး မှတ်ထား..
once(တစ်ကြိမ်၊တစ်ခါ), twice (နှစ်ခါ), three times(သုံးခါ), four times (လေးခါ), etc
- I’ve only met your cousin once, so I don’t know him very well.
- Peter goes to evening classes twice a week.
- I’ve run the New York Marathon three times now.
Once ကို - တရံသော အခါက- လို့ အတိတ် သဘော ဆောင်တဲ့ အသုံးလဲ သုံးတာမြင်ဘူးကြားဘူးမှာပါ၊
- I once worked as a cleaner. (တခါတုန်း ကသန့်ရှင်းရေးအလုပ် သမား လုပ်ခဲ့ဘူးတယ်)
twice, three times စတာတွေ ကိုလဲ နှစ်ဆ၊ သုံးဆလောက် ရှိတာ လို့ ပြောချင်ရင် twice as big လို့ ပြောလို့ ရ တယ်။
ကဲ Times ဆိုတာ အချိန် နာရီပါ လို့ ပြော ချင်နေသူ တွေအတွက် The time of day....နေ့ရဲ့ အချိန်လေး တွေ အကြောင်းဆွေးနွေးမှ ဖြစ်တော့မယ်။
- 4.00 four (o’clock) (လေးနာရီ)
- 8.05 five (minutes) past eight/eight (oh) five (ရှစ်နာရီ ငါးမိနစ်)
- 2.10 ten (minutes) past two/two ten (နှစ်နာရီ ဆယ်မိနစ်)
- 5.12 twelve minutes past five/ five twelve (ငါးနာရီ ဆယ့်နှစ် မိနစ်)
- 11.15 (a) quarter past eleven/ eleven fifteen (ဆယ့်တစ်နာရီ ဆယ့်ငါး)
- 9.30 half past nine/ nine thirty (ကိုးနာရီ ခွဲ)
- 1.35 twenty-five (minutes) to two/ one thirty-five (နှစ်နာရီထိုးဖို့ မိနစ်အစိတ်၊တစ်နာရီ သုံးဆယ့် ငါး)
- 10.45 (a) quarter to eleven ten forty-five (ဆယ်နာရီ လေးဆယ့်ငါးမိနစ်)
- 7.52 eight minutes to eight/ seven fifty-two (ခုနှစ်နာရီ ငါးဆယ့်နှစ်မိနစ်)
Americans တွေ ကတော့ past နဲ့ to အပြင် after (အကျော်) နဲ့ till (အလို) လဲသုံးကြတယ်။
- twenty-five minutes past/after six (၆း၂၅)
- five minutes to/till four (၃း၅၅၊ လေးနာရီထိုးဖို့ ၅မိနစ်အလို)
သတိပြုမိကြပါလေစ o’clock ကို hour(နာရီ )နဲ့ပဲ သုံးသွားတာ၊ မိနစ်တွေပါရင် 5.45 o'clock လို့ မသုံးရဘူးနော်။
- I got home at six o’clock.
- (NOT- I got home at quarter past six o’clock.) (မှားတယ်၊ဒီလိုမသုံးရပါ)
အရပ်သုံး စကားတွေ မှာ ဆို o’clock ကို ချန်ပြီးပြောလေ့ရှိပါတယ်။
o’clock ဆိုတာနဲ့ အချိန်တိုင်း o’clock သုံး မနေနဲ့ ဟုတ်ပြီလာ၊ am (မနက်)/pm(မွန်းလွှဲ) မှာ ရယ် သုည နှစ်လုံး သုံးထားခဲ့ရင် သူ့ ကို ထားပြစ်ခဲ့ ပြီး အောက် က ရေးထား သလိုသာ သုံး။
- 6pm (NOT six o’clock pm) and 6o'clock (NOT 6.00 o’clock)
ဘယ်လို အချိန်အခါ မျိုးမှာပဲဖြစ်ဖြစ် အချိန်တွေ ကို ကြိုက်သလိုပြော နိုင်ပါတယ်၊ဥပမာ ဆယ်နာရီခွဲ လို့ပြောတာ ကို half past ten ပြောပြော ten thirtyပြောပြော ရပါတယ်၊ ဒါပေမဲ့ အချိန်ဇယား အကြောင်းပြောတဲ့နေရာမှာ . ten thirty လို့ အပြောများပါတယ်၊ ပြီးရင် ၂၄ နာရီ အချိန် ကို သုံးပါတယ်၊ ည လား မနက်လား ၊ နေ့လည်လား တစ်ခါ ထဲ ကွဲပြားသွားတော့ အချိန် မ မှားတော့ဘူးပေါ့ ။
- The next train is at 15 30. (‘fifteen thirty’) (ဒီလိုရေးထားတော့ မွန်းလွဲ ၂နာရီခွဲ လို့ သိတာ နေတော့ မနက် ၂နာရီ ခွဲနဲ့ မှားစရာ မလို မေးစရာ လဲ မလို တော့ဘူးပေါ့)
လေဆိပ်တွေလေ ယာဉ်တွေပေါ် မှာ အချိန်တွေ ကြော်ငြာ တာ ရော သတိထားမိလား?Ladies and gentlemen! We are approaching Yangon Internatoinal Airport. Myanmar Standard time now is ‘(oh) nine hundred hours’ ဒါမှ မဟုတ် ‘thirteen hundred hours’ လို့ ပြောကြပြီး ‘nine o’clock’ or ‘one o’clock’. (thirteen o’clock) တွေ သုံးလေ့မရှိပါဘူး။am ကို နေ့ လည် ၁၂ ထိ သုံးပြီး pm ကို afternoon or evening အတွက်သုံးပါတယ်။
- The match starts at 3.00 pm.
- The phone rang at half past four in the morning.
am and pm ကို full stops နဲ့အတူ ဒီလို a.m./p.m. ဆိုပြီးလဲ ရေးတာတွေ့ ရတတ်ပါတယ်၊ ကြိုက် သလိုရေးပါ အကုန်မှန်ပါတယ်။
The date အကြောင်းပဲကျန်တော့တယ်။ အားနာနာ နဲ့ ဆက်ပြော အုန်းမယ်၊
အများဆုံး ရေးနည်း ၃ မျိုး ကတော့
- Cardinal number + month: 3 May/ 15 August
- Ordinal number + month: 3rd May/ 15th August
- Month + cardinal number: May 3 / August 15
ဒီနောက် မှာ Ordinal numbers, e.g. 15th နဲ့ ရေးတာ နည်း သွားပါပြီ၊ ပြီးတော့ Americans တွေက month ကို ရက်စွဲ ရှေ့မှာ ထားပြီး ရေး များကြပါထယ်။
အပြော မှာဆိုရင်တော့ordinal numbers နဲ့ ‘the third of May’ ‘the fifteenth of August’ လို့ ပြောရတာ ပို အဆင်ပြေပါတယ်၊ မိန့် ခွန်းတွေ အခမ်းအနားတွေ မှာ ဒီလိုလဲ ကြားကြရ တတ်ပါတယ်၊‘May the third’ ‘August the fifteenth’
အပေါ် က အသုံးမျိုး ကို the ဖြုတ်ပြီး ‘May third’ ‘August fifteenth’ လို့ လဲ သုံးလို့ရပါတယ်၊ အမေရိကန် အသုံး ဆိုပါတော့။
ခုနှစ်တွေကိုတော့ ထောင် ဂဏန်းတွေရေး သလို comma ခံမရေးပါဘူး။အောက် က examples တွေမှာ ရေးနည်း ဖတ်နည်းလေး ဖေါ်ပြလိုက်ပါတယ်။1998 ‘nineteen ninety-eight’
347 ‘three (hundred and) forty-seven’
1500 ‘fifteen hundred’
1801 ‘eighteen oh one’
2000 ‘(the year) two thousand’
2005 ‘two thousand and five’, ‘twenty oh five’
ခုနှစ် ဂဏန်းတွေမှာ s ထည့်ပြီး plural numbers (အများကိန်း) အနေနဲ့ သုံး ရင်တော့ အဲဒီကာလများမှာ လို့ အဓိပ္ပါယ်ရပါတယ်။- life in the 1 980s (‘the nineteen eighties’) (၁၉၈၀ခုနှစ်ကာလများ ကဘ၀)
- pop music of the 60s (‘the sixties’) (၁၉၆၀ လောက် က pop တေးဂီတ)
- a man in his fifties ( ၅၀ လောက် အရွယ်လူတစ်ယောက်)
ဒီလောက်ပါပဲဗျာ၊ တတ်ကျွမ်းကြပါစေ။
တင်ပြသူ- One Great စိုင်း
ကိုးကား - Oxford English Grammar